Condolences

TO THE FAMILY OF

Htin Aung

23
July
2024

I am very glad that I had the chance to meet Mr Htin Aung. My condolences to all of the family and friends.

- Helen Zhang
13
July
2024

ဦးတိုးရေ

လူကောင်း ၁ ယောက်ဖြစ်တဲ့ ဦးတိုး ကွယ်လွန်ခြင်းဟာ ဦးတိုးကို ချစ်ခင်သူတွေ အထူးသဖြင့် ဦးတိုးရဲ့ ကျန်ရစ်သူမိသားစုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုမလို့ စိတ်ထိခိုက်ဝမ်းနည်းမိပါတယ်။

အဖေ့ကို ဒုတိယဖခင်အရာထားပြီး အဖေနဲ့ သူ့မိသားစုကိုပါ ချစ်ခင်ဂရုစိုက်ပေးခဲ့တာတွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

ကြည့်မြင်တိုင်အိမ်ကို လာလည်တုန်းက အဖေနဲ့ ဇဂျမ်းအတူသွားလည်ဖို့ ပြောခဲ့တာတွေရယ်၊ နောက်ပြီးနှင်းဆီကျောက်ကျော စားလို့ကောင်းတယ်ပြောပြီး အားပါးတရစားတာကို မြင်ယောင်မိတယ်။ အိမ်ကပြန်ဖို့ မတ်တတ်ရပ်ပြီးရင် ဦးတိုးပြောနေကျက " ဆရာ ကျနော်အခုထိ ဘာရောဂါမှ ကြီးကြီးမားမားမရှိတော့ အသက်ရှည်မှာပါနော် " တဲ့။ အဖေကလည်း " မင်းက ဦးတင်ဖေ၊ ဒေါ်တင်စိန်ရဲ့ သားပဲကွာ။ အသက်ရှည်မှာပါ " တဲ့။ အဲ့စကားတွေ ပြန်ကြားယောင်ပြီး ဦးတိုးနဲ့ အဖေ့ရဲ့ ဆန္ဒတွေ မပြည့်ခဲ့တဲ့အတွက် စိတ်ထိခိုက်မိပါတယ်။

၂၀၁၉ ကယားကနေ အလည်ပြန်လာချိန် ကယားဝက်အူချောင်းစားကောင်းတယ်​ဦးတိုးလို့ ပြောတော့ ဦးတိုးလည်း ကယားသွားစရာရှိတယ်။ ဆက်ဆက်တို့ ကြိုက်တယ်ဆို ဝယ်လာခဲ့မယ် ပြောပြီး ကတိအတိုင်း ကယားဝက်အူချောင်း အိမ်ထိတကူးတကလာပေးတယ်။

ကတိတည်နေကျ ဦးတိုး " ဆရာနဲ့ ကျနော် ဇဂျမ်းအတူသွားလည်ကြမယ်။ တောင်ကြီးဆရာ့အိမ်ကို ကျနော် လာခဲ့မယ် " ဆိုတဲ့ ကတိ ၂ ခုကိုတော့ ကင်ဆာရောဂါဆိုးကြောင့် မတည်နိုင်တော့တာအတွက်လည်း သတိသံဝေဂရမိပါတယ်။

လူကောင်းတယောက်ဖြစ်ပြီး တရားရှိတဲ့ ဦးတိုး အခုထက်အများကြီးပိုကောင်းတဲ့နေရာမှာ ရောက်နေပြီလို့ ယုံကြည်ပါတယ်။

ဦးတိုး ကွယ်လွန်သွားပေမယ့် ဦးတိုးကို ချစ်ခင်တဲ့သူတွေရဲ့ နှလုံးသားမှာတော့ ဦးတိုးက ထာဝရရှင်သန်နေမှာပါ။

ဆက်ဆက်

- Nang Maw Set
13
July
2024

ချစ်လှစွာသော ဆရာ
အညာနဲ့ရွာကို သံယောဇဉ်ကြီးလွန်းတဲ့ဆရာ
တပည့်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေအပေါ် ဖြူစင်စွာတွယ်တာတတ်လွန်းတဲ့ဆရာ
အရင်လို ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံကြရဖို့ လက်ချိုးရေတွက်ရင်း
နှုတ်ဆက်ခွင့်တောင်မရှိလိုက်ပဲ
ခုလိုထွက်ခွါသွားလိမ့်မယ်ဆိုတာ
တရံတခါလေးမှ မတွေးမိခဲ့ဘူးဆရာရယ်
စိတ်စေတနာဖြူစင်သန့်ရှင်းပြီး
တရားဓမ္မတွေနဲ့နီးကပ်ခဲ့သူမို့
အေးချမ်းရာဘုံဘဝကိုရောက်ရှိမှာပါ ။
ကျမတို့ရင်ထဲမှာတော့
အမြဲတမ်းရှင်သန်နေဦးမှာပါဆရာ
ကောင်းရာသုဂတိရောက်ရှိပါစေ????????????????????????


အေးဝင်းမော်
အလယ်ချောင်းဆုံ

- Aye Win Maw
12
July
2024

Obituary

( A rough translation of my Burmese text )

My dear pupil Shwei Toe,

Thank you for your perennial love and profound respect to me and my wife ( your
Sayakadaw ) throughout your lifetime.
I deeply appreciate it.

Thank you for proudly saying, whenever the
occasion arose, that you considered me
your second father. I'm deeply touched.

More than forty years after you had taught
them, your beloved pupils in Zagyan still
hold you in the highest esteem. I'm surprised
and overjoyed at this unique achievement of
yours.

In your final days, you put up a valiant fight
against this dreaded disease -- Cancer. You were fighting a losing battle but you were
also courageous and unrelenting. For this I
admire you. Please accept my farewell salute in tribute to your indomitable spirit.

We had been together and had experienced
the ups and downs of life together for so long that when you passed, a part of my life
was buried with you.

I have no doubt whatsoever that you are now in a much better, higher and more glamorous
World.

Saya Sai Aung Win
12 July 2024, Friday

- Sai Aung Win
11
July
2024

ဦးတိုးရေ...

ခမ်း လူ့ဘဝထဲ စရောက်ကထဲက အဖေ Sai Aung Win ဆီမှာ စာရေးကြီး ညာလက်ရုံးတဆူအဖြစ် သိခဲ့ ချစ်ခင်ခဲ့ကြတယ်။ ငယ်ဘဝ ဓာတ်ပုံတွေထဲမှာ ခမ်းကို ပွေ့ချီထားတဲ့ ဦးတိုးပုံလေး ရှိတယ်။ ❣️ နှစ်ပေါင်းများစွာ ကိုယ့်ဦးလေး အရင်းတယောက်လို ဆွေမျိုးရင်းခြာ သံယောဇဉ်တွေရှိခဲ့ကြတော့ အမှတ်တရတွေ ရေးရင် ရေးလို့ မကုန် နိုင်လောက်ဘူး။????
ဦးတိုး အိမ်ထောင်ကျပြီး ခင်ပွန်းကောင်း ဖခင်ကောင်းဖြစ်ဖို့ စီးပွားရေး ကြီးပွားရေး တွေအတွက်နဲ့ သိပ်မတွေ့ဖြစ်ခဲ့သလောက် ရှိပေမယ့် 1997 နောက်ပိုင်းလောက်ဖြစ်မယ်ထင်တယ် အဖေ့ဆီ မကြာခဏ လာတတ်ပြီး နှစ်စဉ် မိသားစုလိုက် လာကန်တော့ကြတယ်။ အဖေ့အပေါ် သံယောဇဉ်ကြီးတဲ့ တပည့်လို သားလို လူတယောက် မို့ အဖေအပါအဝင် တမိသားစုလုံး ချစ်ခင်ရင်းနှီးတာ ပြောစရာမလိုလောက်အောင်ပါ။
အဖေ နေမကောင်းတော်တော် ဖြစ်ခဲ့ချိန်တုန်းကလည်း ဦးတိုးကို တမ်းတသလို ဦးတိုးလည်း အဖေ့ကို တမ်းတ ခဲ့တယ်ဆိုတာ ကြားရတော့ မျက်ရည်ဝဲတဲ့ အထိ စိတ်မကောင်း ဝမ်းနည်းရတယ် ဦးတိုးရေ။ ????
အဖေ့ရဲ့ ဦးတိုးအတွက်ရေးတဲ့
"ပိုကောင်းရာဘဝသို့" ဆိုတဲ့ fb က အလွမ်းစာကို ဖတ်ရင်းလည်း ရင်ထဲနင့်နေအောင်ခံစားရပါတယ်။????????????
ဒီနေ့ ဦးတိုးသမီးငယ်လေး တင်ထားတဲ့ ဦးတိုးကိုသဂြိုဟ်တဲ့ post ကိုတွေ့တော့ တော်တော် ဝမ်းနည်းပြီး ငိုမိတယ်????
ဘယ်လိုပဲဖြစ်ဖြစ် မိသားစု (အထူးသဖြင့် သမီးလေး 2 ယောက်ပေါ့) အပေါ် အလွန်တရာ ချစ်မြတ်နိုးတာဝန်ကျေတဲ့အပြင် ဦးတိုးနဲ့ ပတ်သက်သမျှ လူတွေအပေါ် ချစ်ခင်တာဝန်ကျေခဲ့သူတယောက် အဖြစ် အမြဲသတိရနေမှာပါ ဦးတိုးရေ။????
လူကောင်းတယောက်ဖြစ်တာမို့ ဆုတောင်း ပေးစရာ မလိုလောက်အောင် ပိုမိုကောင်းမွန်တဲ့ ဘဝကို ရောက်ရှိနေလောက်ပါပြီ။

- Nang Maw Hkam
11
July
2024

မိဘ ညီအကို မောင်နှမများ
ဇနီး သမီးများ
ဆွေမျိုး မိတ်ဆွေများအပေါ် တာဝန်ကျေ
ကူညီ တတ်တဲ့လူတယောက်ပါ။

သားကောင်း
ခင်ပွန်းကောင်း
မိဘကောင်း
မိတ်ဆွေကောင်း တယောက်ပါ။

အမြဲသတိရလွမ်းနေမှာပါ။

ဒေါ်ငွေလှိုင်
11 July 2024

- Daw Ngwe Hlaing
11
July
2024

ရွှေတိုးရေ....
* ဆရာနဲ့ ဆရာ့ဇနီးကို နှစ်ပေါင်းများစွာ
ချစ်ခင်လေးစား ဂါရဝ ထားခဲ့တဲ့အတွက်
ဆရာအင်မတန်ကျေနပ်ပီတိဖြစ်ရပါတယ်။

* ဆရာ ဦးစိုင်းအောင်ဝင်း ဟာ ကျနော့်ရဲ့ဒုတိ
ယ အဖေပဲ..... လို့အခွင့်သင့်တိုင်း မင်းဂုဏ်
ယူပြောတတ်တဲ့အတွက် ဆရာအင်မတန်
ကျေနပ်ပီတိဖြစ်ရပါတယ်။

* ဇဂျမ်းက မင်းရဲ့ တပည့်တွေက မင်းစာသင်
ပေးခဲ့ပြီး အနှစ် ၄၀ ကျော်ကြာတာတောင်မှ
မင်းကိုအထူးချစ်ကြည်ညိုကြဆဲပဲ ဆိုတာ
ဆရာတွေ့ရတဲ့အတွက် အင်မတန် အံ့သြ
ပီတိဖြစ်ရပါတယ်။

* မင်းရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ကင်ဆာ
ရောဂါဆိုးကို အနိုင်မခံအရှုံးမပေးတမ်း
တိုက်ခဲ့တဲ့ မင်းရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်
အတွက် ဆရာဂုဏ်ယူရင်း မင်းကိုအလေး
ပြု နှုတ်ဆက်လိုက်ပါတယ်။

* နှစ်ပရိစ္ဆေဒမြောက်မြားစွာ အတူနေ၊ အတွေ့
အကြုံတွေအတူဖြတ်သန်းခဲ့ကြသမို့ မင်း
ကွယ်လွန်ခြင်းနဲ့အတူ ဆရာ့ရဲ့ဘဝတစိတ်
တဒေသ ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ရတာပါပဲ။

* ကောင်းရာဘုံဘဝတခုမှာရောက်ရှိနေပြီ လို့
ဆရာယုံကြည်ပါကြောင်း။

ဆရာစိုင်းအောင်ဝင်း

SAW
11 July 2024

- Sai Aung Win
9
July
2024

ဦးလေးကောင်းရာမွန်ရာရောက်ပါစေ...
အနှင်းတို့အိမ်ကို လာလည်တိုင်း သဘောကောင်းတဲ့ သမီးတွေကိုအရမ်းချစ်တဲ့ ဦးလေးရဲ့ ပုံကိုအမှတ်ရနေမှာပါ...❤️❤️❤️

- Phyu Thwin
8
July
2024

Deep condolences, Ba Ba.
I can’t express how blessed I am to meet with you again for the last time. The memories I have with you have always been the best since I was young. I can always feel your warmth and how much you took care of me when I needed it most. You will always have a special place in my heart, not only as my uncle but also as someone who is like a father to me. Rest in peace, Ba Ba.

With deepest sympathy,
Phway Phway.

- May Myat Thwe Oo
8
July
2024

ကျေးဇူးရှင် ဦးလေး
မိသားစုဝင်အားလုံးအတွက် အသေးစိတ်ကအစ
ပူပန်ပေးပြီး စိတ်ရော လူပါ ကူညီပေးတတ်သူပါ
ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေ ကြောင့် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းစရာကိုမလိုပဲ
ကောင်းမွန်တဲ့နေရာမှာ အေးချမ်းစွာရှိနေမှာ သေချာပါတယ်

- Lwinmar Aung
8
July
2024

မိဘ၊မိသားစု၊ဆွေမျိုး၊မိတ်ဆွေ အားလုံးအပေါ်တာဝန်ကျေလွန်းတဲ့ဦးတိုး
အမှတ်တရတွေကတော့အများကြီး
ငယ်ငယ်တည်းက သမီးတို့မိသားစုအပေါ်မှာ အများကြီးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေ တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး
မှတ်မှတ်ရရ ဦးစိုးဆုံးတဲ့နေ့က ညဘက်ဆေးရုံမှာဘယ်သူမှမရှိခဲ့ဘူး ဦးတိုးနဲ့သမီးပဲရှိတယ် မောက်မောက် လာကန်တော့ဆိုပြီး ကန်တော့ခဲ့ကြတယ် ဦးတိုးအလှည့်သမီးအဝေးကပဲကန်တော့ရမှာ ဦးတိုးရေ ဖေကြီးရှိစဉ်ကာလ၊ မရှိတော့တဲ့အချိန်တွေမှာ မျှော်လင့်ချက်မပါပဲကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ဦးတိုးကောင်းရာဘုံရောက်ရှိပါစေ ????????????????????????

- Htet Htet Aung
8
July
2024

My dearest dad,
I cannot thank you enough for all you do for me and the family. You are truly the greatest and the most loving father in the world. One of my fondest memories is of you carrying me on your shoulders on my first day of kindergarten, guiding me safely through the crowd. Your unwavering support has always given me a sense of security throughout my life. I hope I have made you proud with how far I've come, and I promise to continue making you proud. I love you dearly, and I will cherish you always.
Your beloved daughter,
May

- May Aung
8
July
2024

Dear Mr. Aung
Mom and I are deeply saddened to hear of your passing. I am so grateful to have met you and will remember you as the kindest, sweetest and most welcoming person! I prayed everyday for you for the easing of your burdens and suffering. Our heartfelt condolences to your family. May they find peace and tranquility during this difficult time! We are sending our love and Prayers to you all and especially to Mrs. Aung and Bella whose friendship means so much to me.

- Aziza Walji
8
July
2024

Dear Mr. Aung and family!
Mom and I are deeply saddened at the loss of Mr. Aung he was the kindest, sweetest and most welcoming person. We prayed for him everyday. We are sending our heartfelt condolences to the family, may your sorrow and grief be lifted during this difficult time. We are sending our love and our prayers to the whole family and especially to Bella!

- Aziza Walji
8
July
2024

Dear Family and Friends of Htin,

I was deeply saddened to hear about the passing of Htin. Please accept my heartfelt condolences during this difficult time. May you find comfort in cherished memories and strength in the support of loved ones around you.

With sympathy,
Kevin Malinowski

- Kevin Malinowski
8
July
2024

Dear Uncle,
I’m saddened to hear about your passing. You fought a strong battle and I know you gave it your best. In the small moments that I got to spend with you, your curiosity and humor always put a smile on my face and the people around you. One of my favorite memories of us is when you took us around Burma when we came back. Thank you for being my tour guide. I loved your enthusiasm in wanting to take me & my mom around our hometown. I will always remember the memories we’ve shared and I will miss your charismatic personality. I hope you can move on to your next life knowing you were loved and cherished in every way. You were a great father, uncle, friend & so much more. We will eternally miss you.

Love, Pan Pan

- Kyi Moon
8
July
2024

I want to share with you all what an amazing person my uncle was. He was hardworking, kind, intelligent, and an inspiration to many. Most of all, I cherished his ability to spread joy—almost every photo I have of him captures his infectious smile. We often joked that he had a big heart, but he truly was accepting and loving, caring deeply for his family, including those not related by blood. I feel incredibly grateful to have received his love and care.

Rest in peace, uncle; may your next life be as beautiful as this one ❤️

- Kay Maung
8
July
2024

On behalf of the Camilleri family, my deepest condolences on the loss. Our thoughts and prayers are with you.

- Joe and Sandra Camilleri
8
July
2024

Dearest Papa,
You were the best dad I could ever ask for. Thank you for everything. You have worked so hard and done so much for me, and I am forever grateful. Please rest easy now. You don't have to worry about me. You will always live on in my heart. I love you very much.
With All My Love,
Zu Zu

- Isabella Aung-Camilleri